၁။ရာဂ စရိုက်
၂။ဒေါသ စရိုက်
၃။မောဟ စရိုက်
၎။သဒ္ဓါ စရိုက်
၅။ဝိတက်စရိုက်
၆။ပညာ စရိုက်
ရာဂစရိုက်
~~~~~~~~
ဝတ္ထုကာမ ကိလေသာကာမ တို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်။
ဒေါသ
~~~~~
အာဃာတ ဣဿသာ မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်။
မောဟ
~~~~~~
ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်။
သဒ္ဒါ
~~~~
ယုံကြည်လွယ်လေ့ရှိသောအကျင့်။
ဝိတက်
~~~~~~
စိတ်ကူးယဉ်တတ်သည့်အကျင့်။
ပညာ
~~~~~
အရာရာ၌ အကြောင်း အကျိုး အကောင်းအဆိုးတို့ကို ဆင်ချင်တတ်သောအကျင့်။
စစရိုက်နဲ့ နှလုံးသွေးအရောင်အဆင်း
~~~~~~~~~~~~~~~~~~~~~~~~~~
@@ ရာဂစရိုက်ကြီးသူသည် နှလုံးသွေး နီပါသည်။
@@ ဒေါသစရိုက်ကြီးသူသည် နှလုံးသွေး ညိုပါသည်။
@@ မောဟစရိုက်ကြီးသူသည် အမည်းသားဆေးပြီး၍ ကျန်သောရေပမာ နှလုံးသွေးရောင် ဖျော့ပါသည်။
@@ သဒ္ဓါစရိုက်ကြီးသူသည် နှလုံးသွေးဝါပါသည်။
@@ ပညာစရိုက်ကြီးသူသည် ပတ္တမြားကျောက်မျက်ရွဲကဲ့သို့ နှလုံးသွေး ပြိုးပြိုးပြက်ပြက် အရောင်ရှိပါသည် ဖြူပါသည်။
@@ ၀ိတက်စရိုက်ကြီးသူသည် ပဲပြုတ်ရေအဆင်းကဲ့သို့ နှလုံးသွေးရောင်ရှိပါသည်။
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ
်
No comments:
Post a Comment