သမိုင်းဝင်ရွှေအင်းတိန်ဘုရား
Monday, September 21, 2015
ပျော်ရွှင်ကြည်နူးဘုရားဖူး
Sunday, September 20, 2015
စရိုက် ၆ မျိုး
၁။ရာဂ စရိုက်
၂။ဒေါသ စရိုက်
၃။မောဟ စရိုက်
၎။သဒ္ဓါ စရိုက်
၅။ဝိတက်စရိုက်
၆။ပညာ စရိုက်
ရာဂစရိုက်
~~~~~~~~
ဝတ္ထုကာမ ကိလေသာကာမ တို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်။
ဒေါသ
~~~~~
အာဃာတ ဣဿသာ မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်။
မောဟ
~~~~~~
ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်။
သဒ္ဒါ
~~~~
ယုံကြည်လွယ်လေ့ရှိသောအကျင့်။
ဝိတက်
~~~~~~
စိတ်ကူးယဉ်တတ်သည့်အကျင့်။
ပညာ
~~~~~
အရာရာ၌ အကြောင်း အကျိုး အကောင်းအဆိုးတို့ကို ဆင်ချင်တတ်သောအကျင့်။
စစရိုက်နဲ့ နှလုံးသွေးအရောင်အဆင်း
~~~~~~~~~~~~~~~~~~~~~~~~~~
@@ ရာဂစရိုက်ကြီးသူသည် နှလုံးသွေး နီပါသည်။
@@ ဒေါသစရိုက်ကြီးသူသည် နှလုံးသွေး ညိုပါသည်။
@@ မောဟစရိုက်ကြီးသူသည် အမည်းသားဆေးပြီး၍ ကျန်သောရေပမာ နှလုံးသွေးရောင် ဖျော့ပါသည်။
@@ သဒ္ဓါစရိုက်ကြီးသူသည် နှလုံးသွေးဝါပါသည်။
@@ ပညာစရိုက်ကြီးသူသည် ပတ္တမြားကျောက်မျက်ရွဲကဲ့သို့ နှလုံးသွေး ပြိုးပြိုးပြက်ပြက် အရောင်ရှိပါသည် ဖြူပါသည်။
@@ ၀ိတက်စရိုက်ကြီးသူသည် ပဲပြုတ်ရေအဆင်းကဲ့သို့ နှလုံးသွေးရောင်ရှိပါသည်။
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ
်
ဓုတင် ၁၃ မျိုး
၁။ပံ့သကူဓုတင်
၂။တိစီဝရိတ်ဓုတင်
၃။ပိဏ္ဍပါတ်ဓုတင်
၎။သ-ပဒါနစာရိဓုတင်
၅။ဧကာသနိက်ဓုတင်
၆။ပတ္တပိုင်ဓုတင်
၇။ခလုပစ္ဆာဘတ္တိဓုတင်
၈။အာရညကင်ဓုတင်
၉။ရုက္ခမူဓုတင်
၁၀။အဗ္ဘောကာသိဓုတင်
၁၁။သုဿသာန်ဓုတင်
၁၂။ယထာသန္တတိဓုတင်
၁၃။နေသဇ္ဇိဓုတင်
+ ဓုတင် ၁၃ မျိုး။
ဒါရိုက်တာ မြင့်မောင် ရေးသားပူဇော်သည့် ဘဒ္ဒန္တကုမာရ မဟာထေရ်၏ ထေရုပ္ပတ္တိ မှ
်
Saturday, September 27, 2014
Friday, September 26, 2014
ဗုဒ္ဓခြေတော်ရာ ပါဒစေတီရှစ်ဆူ
မြတ်စွာဘုရားရှင် ချန်ထားတော်မူသော ထင်ကျန်ရစ်သော ``ခြေတော်ရာပါဒစေတီ´´တို့ကို စာပေကျမ်းဂန်တို့၌ ရှစ်ဆူတွေ့ရှိရပါသည် ၎င်းရှစ်ဆူတို့ကား
၁။ဒေါဏပုဏ္ဏားကြီး မြင်တွေ့စေရန် ဥက္ကဋ္ဌမြို့နှင့်သေတဗျမြို့တို့၏အကြား လမ်းခရီးအရပ်ဌာန၊
၂။မာဂဏ္ဍီပုဏ္ဏားဇနီးမောင်နှံတို့ မြင်တွေ့စေရန် ကမ္မာသဒမ္မ နိဂုမ်းရွာကြီးနှင့်တောအုပ်အကြား လမ်းခရီးအရပ်ဌာန၊
၃။ကုက္ကုဋမိတ္တမုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ်အတွင်း၌ထောင်ထားအပ်သော ကျော့ကွင်းအနီးအရပ်ဌာန၊
၎။အဇိတ စသောရသေ့တို့ မြင်တွေ့စေရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်အတွင်း ဂန္ဓကုဋီကျောင်းအနီး အရပ်ဌာန၊
၅။အရှင်သာရပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တစ်ခုသော တောင်ဝှမ်းအတွင်း အရပ်ဌာန၊
၆။နမ္မဒါ နဂါးမင်း၏တောင်းပန်ချက်အရ သုနာပရန္တတိုင်း နမ္မဒါ မြစ်ကမ်းနား အရပ်ဌာန၊
၇။သစ္စဗန္ဓ ရဟန္တာမထေရ်၏ တောင်းပန်ချက်အရ သစ္စဗန္ဓတောင်ပေါ် ကျောက်ဖျာအရပ်ဌာန၊
၈။သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်း သမန္တကူဋသုမနတောင်ပေါ် အရပ်ဌာန၊ အားဖြင့်ဤရှစ်ဌာနတို့၌ မြတ်စွာဘုရားရှင်သည် ခြေတော်ရာတို့ကို ချထားတော်မူခဲ့သည်၊ ခြေတော်ရာအဖြစ် ထင်ကျန်ရစ်ခဲ့သည်၊ ထိုရှစ်ဆူတို့တွင့် ရှေ့ငါးဆူတို့ကား ဒေါနပုဏ္ဏား စသော မြင်တွေ့စေလိုသော ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စများပြီးစီးပြီးဖြစ်၍ အလိုအလျောက်ပျောက်ကွယ်သွားကြသည်၊ နောက်သုံးဆူတို့ကား ယ္ခုချိန်ထိ ဖူးမြင်ကြရလေသည်။
ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ)၏ ဗုဒ္ဓခြေတော်ရာ ပါဒစေတီမှတ်ဖွယ်မှ
wai yin linn kyaye paw khone
ဗုဒ္ဓခြေတော်ရာ ပါဒစေတီ
``စက္ကေနင်္ကိတပါဒလက္ခဏာတော်´´
မြတ်စွာဘုရားရှင်၌ မည်သည့်ပုဂ္ဂိုလ်နှင့်မျှမတူသော ထူးခြားသောအမှတ်အသား မဟာပုရိသလက္ခဏာတော်ကြီး ၃၂ ပါးထင်ရှားစွာ ပါရှိလာရာတွင် ဒုတိယမြောက်လက္ခဏာတော်မှာ စက္ကေနင်္ကိတပါဒ လက္ခဏာတော်ပင် ဖြစ်ပါသည်။ စက္ကေနင်္ကိတ ပါဒလက္ခဏာတော် ဟူသည်မှာ မြတ်စွာဘုရားရှင်၏ နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ အကန့်တစ်ထောင် အကွပ်တံကူ ပုံတောင်းချက်မနှင့်တကွဖြစ်ကုန်သော ခပ်သိမ်းသောအခြင်းအရာ ၁၀၈ ကွက်တို့နှင့် ပြည့်စုံကုန်သော ဝန်းဝိုင်းသော စက်ဝန်းတို့ဖြစ်ပေါ်လျက်ပါရှိခြင်းကို ဆိုလိုပါသည်။
``ဗုဒ္ဓခြေတော်ရာဟူသည်´´ မြတ်စွာဘုရားရှင်သည် တပည့်သာဝကများ သတိသံဝေဂဖြစ်ကြစေရန်နှင့် မဂ်ဖိုလ်တရားထူးရကြစေရန် ရည်သန်၍ဖြစ်စေ နောင်လာနောင်သားတို့ ထာဝရဖူးမျှော်နိုင်ကြစေရန်ရည်သန်လျှက် ဝေနေယျသတ္တဝါတို့၏ တောင်းပန်ချက်ကြောင့်ဖြစ်စေ အဓိဋ္ဌာန်ဖြင့် ခြေတော်ရာကိုချထားတော်မူရာ၌ အကန့်တစ်ထောင်,ပုံတောင်းအချက်,အကွပ်တံကူ ၁၀၈ ကွက်လက္ခဏာတို့နှင့်ပြည့်စုံသော စက်ဝန်းတို့ ထင်ရှားစွာ မြင်တွေ့ရကြကြောင်းကို ဒေါဏသုတ်ပါဠိတော်၌ ပြဆိုထားပေသည်။
ယင်းစာပိုဒ်၌ ``ခြေတော်ရာ´´ဟူသည် အကန့်တစ်ထောင် အကွပ်တံကူ(အနားရေး နခမ်းသတ်) ပုံတောင်း(ဗဟိုချက်)နှင့်တကွ ၁၀၈ ကွက်လက္ခဏာတို့နှင့်ပြည့်စုံသော စက်ဝန်းပါရှိသော မြတ်စွာဘုရားရှင်၏ ခြေတော်ကြွလှမ်းတော်မူပြီး ချတော်မူရာ၌ ခြေဖဝါးတော်တို့မှ ချခဲ့သောနေရာ၌ ထင်ကျန်ရစ်သော အရာတော်တို့ပင် ဖြစ်ပါသည်။
ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ)၏ ဗုဒ္ဓခြေတော်ရာ ပါဒစေတီမှတ်ဖွယ်မှ
wai yin linn kyaye paw khone
အင်းလေး တိုက်တေးကဗျာများ
ရွှေမိုးညို တဖျောက်ဖျောက်၊ ခမောက်များ ပါပါ့မလား၊ မိုးလိုက်လို့ရွာ၊ နမ့်ပန်မှာ ကုန်တွေပေါတယ်၊ ရောင်းဝယ်လို့ကြားအခါခါ၊ မောင့်မှာကပူဆွေး၊ အနောက်ဆို တောင်ခြေစမှာ မိုးကျမှအေး။
၂၀၀၅ ခုနှစ် အမှတ် ၇၇ စက်တင်ဘာလထုက် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းမှ ကောက်နုတ် ဖော်ပြသော အတွဲ ၂ ၊ အမှတ် ၄ ၊ ၂၀၁၄ ၊ ဧပြီလ ထုက် ``အင်းလေးရိုးရာ တိုက်တေးကဗျာများ´´ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်) မှ