Friday, September 26, 2014

ဗုဒ္ဓခြေတော်ရာ ပါဒစေတီရှစ်ဆူ

မြတ်စွာဘုရားရှင် ချန်ထားတော်မူသော ထင်ကျန်ရစ်သော ``ခြေတော်ရာပါဒစေတီ´´တို့ကို စာပေကျမ်းဂန်တို့၌ ရှစ်ဆူတွေ့ရှိရပါသည် ၎င်းရှစ်ဆူတို့ကား

၁။ဒေါဏပုဏ္ဏားကြီး မြင်တွေ့စေရန် ဥက္ကဋ္ဌမြို့နှင့်သေတဗျမြို့တို့၏အကြား လမ်းခရီးအရပ်ဌာန၊

၂။မာဂဏ္ဍီပုဏ္ဏားဇနီးမောင်နှံတို့ မြင်တွေ့စေရန် ကမ္မာသဒမ္မ နိဂုမ်းရွာကြီးနှင့်တောအုပ်အကြား လမ်းခရီးအရပ်ဌာန၊

၃။ကုက္ကုဋမိတ္တမုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ်အတွင်း၌ထောင်ထားအပ်သော ကျော့ကွင်းအနီးအရပ်ဌာန၊

၎။အဇိတ စသောရသေ့တို့ မြင်တွေ့စေရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်အတွင်း ဂန္ဓကုဋီကျောင်းအနီး အရပ်ဌာန၊

၅။အရှင်သာရပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တစ်ခုသော တောင်ဝှမ်းအတွင်း အရပ်ဌာန၊

၆။နမ္မဒါ နဂါးမင်း၏တောင်းပန်ချက်အရ သုနာပရန္တတိုင်း နမ္မဒါ မြစ်ကမ်းနား အရပ်ဌာန၊

၇။သစ္စဗန္ဓ ရဟန္တာမထေရ်၏ တောင်းပန်ချက်အရ သစ္စဗန္ဓတောင်ပေါ် ကျောက်ဖျာအရပ်ဌာန၊

၈။သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်း သမန္တကူဋသုမနတောင်ပေါ် အရပ်ဌာန၊ အားဖြင့်ဤရှစ်ဌာနတို့၌ မြတ်စွာဘုရားရှင်သည် ခြေတော်ရာတို့ကို ချထားတော်မူခဲ့သည်၊ ခြေတော်ရာအဖြစ် ထင်ကျန်ရစ်ခဲ့သည်၊ ထိုရှစ်ဆူတို့တွင့် ရှေ့ငါးဆူတို့ကား ဒေါနပုဏ္ဏား စသော မြင်တွေ့စေလိုသော ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စများပြီးစီးပြီးဖြစ်၍ အလိုအလျောက်ပျောက်ကွယ်သွားကြသည်၊ နောက်သုံးဆူတို့ကား ယ္ခုချိန်ထိ ဖူးမြင်ကြရလေသည်။

ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ)၏ ဗုဒ္ဓခြေတော်ရာ ပါဒစေတီမှတ်ဖွယ်မှ

wai yin linn kyaye paw khone

No comments:

Post a Comment