ရှေး ယခင်ကတည်းက ကြွချီအပူဇော်ခံမြဲဖြစ်တဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား (၂၁)ဌာနသို့ ဒေသစာရီကြွချီ လှည့်လည် အပူဇော်ခံရာ ဌာနများကို ကဗျာဖြင့် တန်ဆာဆင်ထားပုံ(မိမိ လက်လှန်းမှီသလောက်တင်ပြခြင်းသာ) ရေးသားပူဇော်သူ အမည်မသိ ကဗျာခေါင်းစီးအမည်မသိမှုအတွက် သည်းခံပါလို့
ကြိုတင်တောင်းပန်ပါရစေ။ ပျောက်ကွယ်လုနီးပါ ဖြစ်နေပြီဖြစ်တဲ့ ကဗျာလေးပါ။ တစ်ခေတ်တစ်ခါက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်ဘုရာ်း အင်းသူအင်းသားများအတွက် နှစ်စဉ် နှစ်တိုင်း
ကြွချီလှည့်လှည် အပူဇော်ခံလေတိုင်း အသံမြိန်မြိန်နှင့် သံပြိုင်ရွတ်ဆိုကြခဲ့တာလို့လည်း သိခွင့်ရခဲ့ပါသည် မိမိတို့ ခေတ်မှာတော့
ရွတ်ဆိုသူနည်းပါ၍ တစတစ ပျောက်ကွယ်လာခဲ့လို့ ကြားခွင့်ပင် မရခဲ့ပါ။
နှစ်စဉ်ကျင်းပအပူဇော်ခံမြဲဖြစ်တဲ့ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပူဇော်ပွဲကြီးနီးကပ်လာတာနဲ့ စပ်မိစပ်ရာ အောက်ပါ ကဗျာလေးကို လူကြီးသူမဆီမှ မမျှော်လင့်ပါပဲ လက်ဆောင်ရလိုက်တာပါ၊်
အင်းတိန်အစ ၊ မူလစံရာ
ဟဲယားရွာမ ၊ ဌာနတဖြာ
ရွာငါးဖယ်ချောင်း ၊ ကိန်းအောင်းလေသာ
ကြေးစားသို့ ၊ လှမ်းဖို့ဖောင်စကြ်ာ
ပွဲစားကုန်းဟု ၊ ထင်ဆုံးကြည်သာ
ရွာလင်းကင်းသို့ ၊ကြွဆင်းတဖြာ
ညောင်ရွှေမြို့ကြီး ၊ ထိန်ငြီးကြည်သာ
ရွာနန်းသဲ ၊ ကြွမြဲဖောင်စကြ်ာ
မိုင်းသောက်သို့ကူး ၊ ဖောင်ထူးစကြ်ာ
သလဲဦးသို့ ၊ ဆင့်ကူးတခါ
ကေလာဌာန ၊ ပြန်ကြွလေသာ
ဇရပ်ကြီး ၊ အပြီးပင့်လေသာ
နန်းပန် မာန်ကျည်းဆိပ် ၊ လျှံဖိတ်စကြ်ာ
ကျိုင်းခမ်းရွာမှ ၊ ထန့်(ဆန့်)ချီပြန်လာ
လယ်ခြေ နောင်တော ၊ ရွှင်မောကြည်သာ
အင်းပေါခုံသို့ ၊ မယွင်းသေချာ
ရေသာကျောင်း ၊ ရွေ့ပြောင်းပြန်တော့သာ
ရေသာကျောင်းမှ ၊ ပြောင်းရွေ့ပြန်ကာ
မြောက်စူးစူးသို့ ၊ ဦးတည်လှည့်ကာ
ယာဉ်တော်ဖောင်မြတ် ၊ ခဏမကြာ
ကျောင်းတော်သို့ ၊ ဆိုက်ရောက်ပြန်တော့သာ။
နှုတ်တိုက်ကဗျာ ဖြစ်တာမို့ အမှားများ ပါကောင်းပါနိုင်ပါသည် သည်းခံဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါရစေ။
မိမိသည် စာရေးဆရာ သမိုင်းဆရာ မဟုတ်ပါ ထို့အတွက်ကြောင့် ဝါသနာအရ တင်ပြမှုအပေါ် အပြစ်မမြင်စေလို့ပါ။
်
No comments:
Post a Comment