Friday, September 26, 2014

ဗုဒ္ဓခြေတော်ရာ ပါဒစေတီ

``စက္ကေနင်္ကိတပါဒလက္ခဏာတော်´´
မြတ်စွာဘုရားရှင်၌ မည်သည့်ပုဂ္ဂိုလ်နှင့်မျှမတူသော ထူးခြားသောအမှတ်အသား မဟာပုရိသလက္ခဏာတော်ကြီး ၃၂ ပါးထင်ရှားစွာ ပါရှိလာရာတွင် ဒုတိယမြောက်လက္ခဏာတော်မှာ စက္ကေနင်္ကိတပါဒ လက္ခဏာတော်ပင် ဖြစ်ပါသည်။ စက္ကေနင်္ကိတ ပါဒလက္ခဏာတော် ဟူသည်မှာ မြတ်စွာဘုရားရှင်၏ နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ အကန့်တစ်ထောင် အကွပ်တံကူ ပုံတောင်းချက်မနှင့်တကွဖြစ်ကုန်သော ခပ်သိမ်းသောအခြင်းအရာ ၁၀၈ ကွက်တို့နှင့် ပြည့်စုံကုန်သော ဝန်းဝိုင်းသော စက်ဝန်းတို့ဖြစ်ပေါ်လျက်ပါရှိခြင်းကို ဆိုလိုပါသည်။

``ဗုဒ္ဓခြေတော်ရာဟူသည်´´ မြတ်စွာဘုရားရှင်သည် တပည့်သာဝကများ သတိသံဝေဂဖြစ်ကြစေရန်နှင့် မဂ်ဖိုလ်တရားထူးရကြစေရန် ရည်သန်၍ဖြစ်စေ နောင်လာနောင်သားတို့ ထာဝရဖူးမျှော်နိုင်ကြစေရန်ရည်သန်လျှက် ဝေနေယျသတ္တဝါတို့၏ တောင်းပန်ချက်ကြောင့်ဖြစ်စေ အဓိဋ္ဌာန်ဖြင့် ခြေတော်ရာကိုချထားတော်မူရာ၌ အကန့်တစ်ထောင်,ပုံတောင်းအချက်,အကွပ်တံကူ ၁၀၈ ကွက်လက္ခဏာတို့နှင့်ပြည့်စုံသော စက်ဝန်းတို့ ထင်ရှားစွာ မြင်တွေ့ရကြကြောင်းကို ဒေါဏသုတ်ပါဠိတော်၌ ပြဆိုထားပေသည်။
ယင်းစာပိုဒ်၌ ``ခြေတော်ရာ´´ဟူသည် အကန့်တစ်ထောင် အကွပ်တံကူ(အနားရေး နခမ်းသတ်) ပုံတောင်း(ဗဟိုချက်)နှင့်တကွ ၁၀၈ ကွက်လက္ခဏာတို့နှင့်ပြည့်စုံသော စက်ဝန်းပါရှိသော မြတ်စွာဘုရားရှင်၏ ခြေတော်ကြွလှမ်းတော်မူပြီး ချတော်မူရာ၌ ခြေဖဝါးတော်တို့မှ ချခဲ့သောနေရာ၌ ထင်ကျန်ရစ်သော အရာတော်တို့ပင် ဖြစ်ပါသည်။

ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ)၏ ဗုဒ္ဓခြေတော်ရာ ပါဒစေတီမှတ်ဖွယ်မှ

wai yin linn kyaye paw khone

No comments:

Post a Comment