Wednesday, September 10, 2014

ရှေးဟောင်း သမိုင်းဝင်ရွှေအင်းတိန် မြတ်စွာဘုရားကြီး

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်မြတ်စွာဘုရား သမိုင်းအကျဉ်း

တည်ထား ကိုးကွယ်သောမင်းမှာ ပါဋလိပုဋ်ပြည်ရှင်သီရိဓမ္မာသောကမင်းကြီးဖြစ်ပြီး၊တည်ထားကိုးကွယ်သော အချိန်မှာ သာသနာခုနှစ် (၂၀၀-ခုနှစ်)ကျော် ကာလဖြစ်ပါသည်။
တည်ထားကိုးကွယ်သော ဌာပနာရတနာမှာ ဘရိယ(မွေတော်)ဓာတ်တော်ဖြစ်ပြီး၊ တည်ထားကိုးကွယ်သောဌာနာမှာ ကမ္ဘောဇပြည်ခေါ်
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရြွှေမို့နယ် အင်းတိန်မြို့ ယခု အင်းတိန်ရပ် အင်းတိန်ဘီလူးချောင်းတောင်ဘက်ကျေးပေါခုံကျေးရွာအုပ်စု အင်းလေး ဒေသဖြစ်ပါသည်။ ရှေးဦးစွာ ပြုပြင်သောမင်းမှာ အနော်ရထာမင်း ထပ်ဆင့်တည်ထား၍ ဝတ်မိုးမြေ အရံစောင့် ကျွန်သီတော် လှူတော်မူသည်ဟု သိရပါသည်။ နောက်ပိုင်း ထပ်မံပြုပြင်သော မင်းများမှာ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်၊ ဆင်ဖြူရှင်မင်းများ ဖြစ်ကြသည်ဟု သမိုင်းအရ သိရပါသည်၊ အရံစေတီတော် အဆူစုစုပေါင်းမှာ ၁၀၅၄-ဆူ ဖြစ်ပြီး (ဒေသခံ အပြောအရ ၁၀၅၄-ဆူ ထက် ပိုလွန်ကြောင်း)၊ ဘုရားစောင်းတန်းအရှည်မှာ ၃.၃-ဖာလုံ ရှိပြီး စောင်းတန်းရှည်၏ တိုင်လုံးများမှာ ၄၀၃-လုံးရှသည်ဟု သိရပါသည်။ ဘုရားကြီး၏ မြေနယ်နိမိတ်မှာ အရှေ့အရပ်ကား ကျောက်ပွန်ရေထွက်၊  နောင်ကန်အင်း ဆင်သေကုန်းဖြစ်ပြီး၊ အရှေ့တောင်ခြားကား သရက်မောင်နှမ ဖြစ်ပါသည်။ တောင်ဘက်မှာ ကန်ထောင်ရွာဟောင်း ချောင်းကွေ့ဖြစ်ပြီး၊ အနောက်တောင်အရပ်ကား ချောင်းချောက်ကြီး ပျားစွဲတောင်တို့ဖြစ်ပါသည်။ အနောက်အရပ်ကား ဆင်ရုပ်ညောင်စည် ရေဟုန်ဟုန်ကျဖြစ်ပြီး၊ အနောက်မြောက်အရပ်ကား စစ်တောင်းတောင် တောင်ခမောက်တောင် ရသေ့တောင်ကုန်းတို့ဖြစ်ကြပါသည်။ မြောက်အရပ်မှာ နတ်သမီးတောင် ရသေ့တောင် ဝေလုကမ္ပတောင် တို့ဖြစ်ပြီး၊ အရှေ့မြောက်ခြားကား အင်းရေပြင်ကျောက်ခြံဟု သိရပါသည်။ အရံကျွန်သီတော်များကား အယောက် (၅၀၀-ရာယောက်)ဖြစ်ပြီး၊ အိမ်ခြေများမှာ (၈၁-အိမ်)ဟု သိရပါသည်။ ကျားကြီး(၅၀-ယောက်)၊ ကျားငယ်(၁၀၁-ယောက်)၊ မကြီး(၆၈-ယောက်)၊ မငယ်(၅၉-ယောက်)၊ ဖြစ်ပါသည်။ ကျွန်သီတော်ရှိကား ရှေးဦးစွာ ပြောင်းသွားပြီး၊ ခြင်းတို့အကြီးအမှူးကား ကြော့ငကြာဟု သိရပါသည်။ ကောဇာသက္ကရာဇ်(၁၁၄၇-ခု)သီတင်းကျွတ်လပြည့်ကျော်(၉-ရက်) ကြာသပတေးနေ့တွင် ဂေါပက အဖွဲ့မှ ပြုစုသော ကျောက်စာကို မှီငြမ်းကိုးကားပါသည်။ွှ

No comments:

Post a Comment