ရှေးဟောင်းအမွေနှစ် စာရင်းတင်သွင်းလို့ရတဲ့ စေတီပုထိုးများနှင့် ဖောင်းကြွအနုလက်ရာများဟာ ရွှေအင်းတိန်ဘုရားကို ကိုးကွယ်နေကြသော ရွှေအင်းတိန် ဘုရားအနီးရှိ ရွာသူရွာသားတွေသာ မဟုတ်ပဲ အင်းသူ အင်းသားအားလုံးနှင့် သက်ဆိုင်သလို မြန်မာအားလုံးနှင့်လည်း သက်ဆိုင်ပါသည်၊ ကမ္ဘာနှင့်ချီပြီးတောင် သက်ဆိုင်ပါသည်။ ရှေးဟောင်းအမွေနှစ်များ မပျောက်ပျက် မတိမ်ကောစေရေးမှာ လူသားအားလုံးနှင့်သက်ဆိုင်တာမို့ ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်သင့်ကြောင်း မြင်မိပါသော်လည်း ယ္ခုချိန်အထိ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ကုန်းတော်ပေါ်ရှိ ရှေးကျတဲ့ စေတီပုထိုးများနှင့် အနုလက်ရာများဟာ လူမသိ သူမသိ တစထက် တစ ပို၍ပျက်စီးနေလျက်ရှိကြောင်းပါ။်
No comments:
Post a Comment