Tuesday, September 16, 2014

ဖောင်တော်ဦးဒေသစာရီနှင့် ပေါင်းကူးမေတ္တာ

ကြာဖက်နှင့်ထုပ်သော ထမင်းထုပ်၏ ပုံရိပ်

နှစ်စဉ်ကျင်းပလှည့်လှည်အပူဇော်ခံမြဲဖြစ်သော ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ရွှေအင်းတိန် ကျေးပေါခုံလွယ်မောဘုရားကျိန်းကျောင်းသို့ အဆင်ပြေချောမွေ့စွာကြွချီအပူဇော်ခံနိုင်ရေးအတွက် ဒေသခံများဖြစ်ကြသော ကျေးပေါခုံကျေးရွာအုပ်စု လွယ်မောကျေးရွာအုပ်စု အင်းတိန်ကျေးရွာအုပ်စု စသောကျေးရွာအုပ်စုများမှဒေသခံများသည် နှစ်စဉ် သီတင်းကျွတ်လဆန်း(၈)ရက်နေ့တွင် ရွှေအင်းတိန်မြတ်စွာဘုရားကုန်းတော် ကျေးပေါခုံလွယ်မောစံကျောင်းတော်ပရိဝုဏ်အတွင်း သန့်ရှင်းရေးများပြုလုပ်ကြခြင်း ချုံနွယ်မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း ပြုလုပ်လေ့အစဉ်လာရှိကြပါသည်။ ကျည်းပေါ်မှ  လုပ်အားဒါနပြုကြသူ ဒေသခံများကို အင်းပိုင်းမှ
ဒေသခံအင်းသူ အင်းသားများက ထ္မင်းထုပ်စာဂ ပြုကြပါသည်၊ အင်းသားတို့ ထုံးစံအရ ကြာဖက်၊်
ငှက်ပျော်ဖက်၊် ဝါးကပ်များဖြင့်ထုပ်၍ ထ္မင်းထုပ်စာဂ ပြုလေ့ရှိကြသည်၊ ကြာဖက်နံ့မွေးပျံ့၍ တစ်နှစ်မှ တခါသာကြုံရသော အစဉ်အလာဖြစ်သောကြောင့် ဒေသခံများက အလွန့်အလွန်နှစ်သက်ကြသော အစဉ်လာဖြစ်ပါသည်၊ အချို့ ငွေကြေးအဆင်ပြေသူများမှာ ထ္မင်းထုပ်အတွင်း ငွေသားများထည့်၍ ကံထူးသူများသာ ရကြစေဆိုသော ရည်ရွယ်ချက်ဖြင့်၎င်း လုပ်အားဒါနပြုသူများ ပျော်ရွှင်ကြည်နူးစေလိုသော ရည်ရွယ်ချက်ဖြင့်၎င်း တစ်ထောင် နှစ်ထောင်မှ သောင်းဂဏန်းအထိ ထည့်၍ ထ္မင်းထုပ်ကံစမ်းမဲ ထည့်ကြခြင်းသည်လည်း အစဉ်လာ တစ်ရပ်ဖြစ်ပါသည်၊ ကံအလွန်ထူးသောသူများ ပူဇော်နိုင်စေရန် ဖောင်တော်ဦ်း ကိုယ်စားတော်မြတ်ငါးဆူကို ပုံတူ (ဆိုက်ငယ်) ထုလုပ်ပြီး လုပ်အားဒါနပြုသူများကို ကြည်ကြိုသဒ္ဓါပွားစေသော အစဉ်လာလည်း ဖြစ်ပါပေသည်။

ကြာဖက်ထုပ်တဲ့ ထမင်း
()()()()()()()()()()()()()()()()()()()()()()()()()()

ကြာဖက်ကမွေး ဆာဆာနဲ့လွေးတယ်
အင်းဆန်ကပျော့ညံ့ညံ့ အူမတို့မဖြုံလတ္တံ့
တစ်ထုပ်ကုန် တစ်ထုပ်ဆွဲ
ငါ့ဝမ်းတော့ ကွဲတော့မယ်
စပ်သီးထောင်းလည်းပါ မယ်လေးတို့လက်ရာ
အစဉ်လာမပျက် ညီညာတဲ့လက်နဲ့
ဝိုင်းဝန်းချီတက် ကြမယ်
ဖောင်တော်ဦးဘုရားဒေသစာရီ ဖူးချင်လှပြီ
ထူးမြတ်တဲ့ ဖောင်တော်ဦးဘုရား ဂုဏ်ရည်။

No comments:

Post a Comment